ရေ၀သော အသက်တာ
မွန်တာနာ ပြည်နယ် ကွင်းပြင်ကျယ်ရှိ မွေးမြူရေးခြံ၌ နေထိုင်သည့် ကျွန်တော့်အသိ မိတ်ဆွေ တစ်ဦးရှိသည်။ သူ့အိမ်သို့သွားသော လမ်းက ပူပြင်းခြောက်သွေ့သည့် လွင်တီးခေါင်၌ ရှည်လျားစွာ ကွေ့ပတ်သွားရသည်။ သူ့အိမ်သို့ ကားဖြင့်သွားလျှင် ခြောက်သွေ့သောဒေသနှင့် ဆန့်ကျင်ဖက်ဖြစ်နေသည့် မြင်ကွင်းကို သတိမပြုဘဲ မနေနိုင်။ ကွေ့ကောက်သောလမ်းတစ်လျှောက် စိမ်းလန်းသောသစ်ပင်များ၊ စိုလွင်သောစိုက်ခင်း များကို တွေ့ရသည်။ မြောက်အမေရိကရှိ အကောင်းဆုံး ရေချိုမြစ်များအနက် မြစ်တစ်စင်းက ထိုဒေသကို ဖြတ်သန်း စီးဆင်းပေရာ မြစ်ကမ်းအနီး စိုက်ပျိုးလေသမျှ မကုန်ဆုံးသော အရေးပါသည့် ရေအရင်းအမြစ်၏ အကျိုးကျေးဇူးကို ခံစားရသည်။
“ထာဝရဘုရားကို မိမိကိုးစားရာအကြောင်း ဖြစ်စေသောသူသည်... ရေရှိသော အရပ်၌စိုက်၍ မြစ်နားမှာအမြစ်ဖြာ”သောအပင်နှင့်တူကြောင်း (ယေ ၁၇း၈) ပရောဖက် ယေရမိ တင်စားခဲ့သည့်အချက်က အထက်ပါမြင်ကွင်း၏သရုပ်ပေတည်း။ ဘုရားနှင့် ကင်းကွာလျက် ညှိုးနွမ်းခြောက်သွေ့စွာရှင်သန်သည့်ဘ၀မျိုးကို လူတို့ရွေးချယ်ကောင်း ရွေးချယ် ကြလည်း ဘုရားသခင်ကို ကိုးစားရန်…
သေရာမှ ပြန်လာသူ
သေဆုံးပြီဟု တရားဝင်ထုတ်ဖော် ကြေငြာပြီးနောက်တွင် လူတစ်ဦးသည် ပြန်ရှင်နိုင်
ပါမည်လား။ အိုဟိုင်အို မှ လူတစ်ဦးသည် ၂၅ နှစ်
အစောပိုင်းက ပျောက်ဆုံးသွားသည်ဟု သတင်းပို့ ခံရပြီးနောက် ကျန်းမာပကတိ ပြန်ပေါ်လာသော အခါ အထက်ပါမေးခွန်းက နိုင်ငံတကာသတင်းဖြစ် သွားသည်။ သူပျောက်ကွယ်သွားစဉ်က အလုပ် လက်မဲ့၊ မူးယစ်ဆေးစွဲသူ၊ ကလေးများရသော ထောက်ပံ့ကြေးနှင့် ရပ်တည်နေရသူဖြစ်သော ကြောင့် သူက ပုန်းလျိုးနေရန် ဆုံးဖြတ်လိုက်ခြင်း
ဖြစ်သည်။ သူပြန်ပေါ်လာသောအခါ သေခြင်းမှ ပြန်ရှင်ရသည်က ခက်ခဲသောအမှုဖြစ်ကြောင်း သူ
သိလိုက်ရသည်။ သူသေဆုံးပြီဟု တရားဝင်ကြေငြာထားမှုကို ပြန်ပြောင်းရန် တရားရုံးသို့ သွားရောက်ရာ သေဆုံးခြင်းနှင့်စပ်လျဉ်းသည့် စည်းမျဉ်းများ ပြောင်းလဲနိုင်ရေး ၃နှစ် အချိန် ကန့်သတ်ထားကြောင်း ရည်ညွှန်းကာ တရားသူကြီးက လျှောက်ထားမှုကို ပယ်ချ လိုက်သည်။
လူသားတရားရုံး၏ သာမန်မဟုတ်သည့် လျှောက်ထားခြင်းက ဘုရားသခင် အတွက်…
ဧည့်သည်
မကြာသေးမီကမှ အငြိမ်းစားယူသွားသူ တစ်ဦးကို အလုပ်မလုပ်တော့သောကြောင့် ယခု ဘာလုပ်နေလဲဟု သူငယ်ချင်းတစ်ယောက်က မေးရာ၊ ထိုလူက “ကျွန်တော့်ကိုယ်ကျွန်တော် ဧည့်သည်လို့ ပြောရမှာဘဲ၊ ကျွန်တော့်အနီးဝန်းကျင် နဲ့ အသင်းတော်ကလူတွေ ဆေးသွားကုတဲ့ဆေးရုံနဲ့ ကြပ်မတ်ဆောင်တွေကို ကျွန်တော်သွားတယ်။ အထီးကျန်နေသူတွေ၊ တစ်ယောက်ယောက်နဲ့ စကားပြောချင်နေတဲ့သူတွေဆီ သွားတယ်။ သူတို့နဲ့ စကားပြော အားပေးပြီး အတူတကွ ဆုတောင်းကြ တယ်။ ဒီလိုလုပ်ရတာကိုလည်း ပျော်ပါတယ်” ဟူ၍ ဖြေကြားခဲ့သည်။ ကျွန်တော့် သူငယ်ချင်းလည်း ထိုသူ၏ ရှင်းလင်းပြတ်သားသော ရည်မှန်းချက်နှင့် ဂရုစိုက်မှုတို့ကို အားကျမိခဲ့ရသည်။
သခင်ယေရှု ကားစင်တင် အသတ်မခံ ရမီ ရက်ပိုင်းအလိုတွင် ယေရှုက တပည့်တော်များအား အကူအညီလိုအပ်နေသူများထံ သွားရောက်လည်ပတ်ရန် အရေးကြီးပုံကို အလေးအနက် ထားလျက် ပုံဥပမာဖြင့် ပြောခဲ့သည်။ “ထိုအခါ လက်ျာတော်ဘက်၌ရှိသောသူတို့အား မင်းကြီးက ငါသည် အ၀တ်အချည်းစည်းရှိသောအခါ သင်တို့သည် အ၀တ်နှင့်ဖုံးလွှမ်း…
အ၀ါရောင်အင်္ကျီနှင့် မိန်းကလေး
သူမ၏ အ၀ါရောင်မိုးကာ အင်္ကျီလေးက ကျွန်တော့်အာရုံကို ဖမ်းစားသွားသည်။ တစ်ချိန် တည်းမှာ အညိုရောင်ဆံပင်ရှည်နှင့် ကျောင်းသူ သစ်လေးအပေါ် စိတ်ဝင်စားမှုများ တစ်စစ မြှင့်တက် လာခဲ့သည်။ အိမ်မှပို့လာသောစာကို လမ်းလျှောက်ရင်း ဖတ်နေသော စူး အား အရဲစွန့်ပြီး
တွဲကြရအောင်ဟု အူကြောင်ကြောင်နှင့် ကျွန်တော် မေးလိုက်သည်။ သူမက လက်ခံသဖြင့် ကျွန်တော် အံ့ဩသွားသည်။
နှစ်ပေါင်း ၄၀ ကျော်ပြီးနောက်ပိုင်းတွင် ကောလိပ်၌ စူးနှင့်ကျွန်တော်တို့၏ အဆင်မပြေ လှသော ပထမဆုံးတွေ့ဆုံမှုအကြောင်းကို ပြန်ပြောပြီး ရယ်မောခဲ့ရသည်။ ထို့ပြင် အိုဟိုင်အို ဒေသမှ အလွန်အရှက်သန်သောကောင်လေးနှင့် မီချီဂန် ပြည်နယ်မှ ရှက်စနိုးနှင့် ကောင်မလေးတို့အား ဆုံစည်းစေသည့် ဘုရားသခင်ပြုသည့် အံ့ဩဖွယ်အမှုကိုလည်း မြင်တွေ့ခဲ့ရသည်။ နှစ်ပေါင်းများစွာအတွင်း အိမ်ထောင်ကို အတူတကွပျိုးထောင်ရင်း မရေမတွက်နိုင်သော ဘေးကျပ်နံကျပ်ကာလများကိုလည်း ရင်ဆိုင်ခဲ့ရသည်။ ကလေး ၄ ယောက်ကို ကောင်းမွန်စွာ…
ကျွန်ုပ်တို့ကို အရေးကိစ္စဖြစ်စေသည်မှာ …
ကျွန်ုပ်တို့၏ နေ့စဉ်ခွန်အား အမှုတော်လုပ်ငန်းသည် အရာခပ်သိမ်းတို့အထက်တွင် ထာဝရအရှင် ဘုရားသခင်ကိုသာ အားထားယုံကြည်လျက် ဘုရားရှင်၏ ဉာဏ်ပညာတော်နှင့် တန်ခိုးစွမ်းပကားကို အမှီပြုကာ အမှုတော်လုပ်ငန်း လမ်းညွှန်အဖြစ်ခံယူပါသည်။ နှုတ်ကပတ်တော်သမ္မာကျမ်းစာသည် ကျွန်ုပ်တို့၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်ကို ဖြန့်ဝေရန် အခွင့်အရေး ကျွန်ုပ်တို့အား ပေးအပ်ထားသည်ဟု အသိအမှတ်ပြုပြီး ကျွန်ုပ်တို့၌ အပ်နှံထားသော အရင်းအမြစ်များ၏ သစ္စာစောင့်ထိန်းသော ဘဏ္ဍာစိုးများဖြစ်နေရန် ကျွန်ုပ်တို့ ဝန်ခံအပ်နှံထားပြီးဖြစ်ပါသည်။
ကျွန်ုပ်တို့၏ အခြေခံသဘောတရားများ
Biblical Foundation
- နှုတ်ကပတ်တော်သမ္မာကျမ်းစာကို ညွှန်ကြားချက်၊ မူဝါဒနှင့် ကျင့်သုံးမှုအားလုံးတို့အား၊ ကျွန်ုပ်တို့ တန်ဘိုးဖြတ် ချင့်တွက်ရမည့်စံအဖြစ် ဂုဏ်ပြုချီးမြှင့်ပါသည်။ (၂ တိ ၃း၁၆)
- ကျွန်ုပ်တို့၏ ယုံကြည်မှု ထုတ်ပြန်ချက်အပေါ် ဆက်လက် ဖြောင့်မှန်နေမည်။ (၂ တိ ၁း၁၃)
- အယူဝါဒဆိုင်ရာ အသားပေးမှုကို အဘက်ဘက်တွင် အရည်အချင်းပြည့်ဝသော ချဉ်းကပ်မှုဖြင့် ထင်ဟပ်ဆင်ခြင်သည်။
Servant Leadership
- ထင်ရှားမြင်သာသော စွမ်းရည်နှင့် ကိုယ်ကျင့်သိက္ခာရှိသည့် အစေခံခေါင်းဆောင်များကို ရွေးချယ်သည်။ (ထွက် ၁၈း၂၁၊…
ဘယ္သူဆရာလဲ
ကျွန်တော့်ဇနီးက မြေးနှစ်ယောက်ကို ထိန်းပေးနေစဉ် မြေးများက အရုပ်တစ်ခုကိုလုပြီး ရန်ဖြစ်ကြသည်။ ရုတ်တရက် သုံးနှစ်သား မြေးငယ်က မြေးကြီးအား “ကင်မရွန်၊ မင်းအခန်းထဲ မင်းပြန်တော့” ဟု ပြင်းထန်စွာ အမိန့်ပေးလိုက်သည်။ ညီ၏အပြစ်တင်မှုကြောင့် စိတ်မချမ်းမြေ့ဖြစ်ပြီး စိတ်ပျက်လက်ပျက်နှင့် သူ့အခန်းထဲသို့ ဦးတည်ပြီး
သွားနေစဉ် အဘွားက “ကင်၊ သားအခန်းထဲ ပြန်စရာ မလိုဘူး၊ နာသန် က သားရဲ့ဆရာမဟုတ်ဘူး”ဟု ပြောလိုက်ရာ၊ ကင်မရွန် သဘောပေါက်သွားသဖြင့် အခြေအနေပြောင်းသွားသည်။ ကင် သည် ပြုံးပြီး ကစားရန် လှည့်ပြန်လာတော့သည်။
ခရစ်တော်နောက်လိုက်များအနေနှင့် ကျွန်ုပ်တို့၏ကျိုးပဲ့ကြေကွဲမှုများနှင့် အပြစ်နွံထဲ ရုန်းကန်ပြိုလဲမှုများသည် မြေးအငယ်ကောင်ကဲ့သို့ပင် မှားယွင်းစွာ ကျွန်ုပ် တို့ကို ကြီးစိုးနေသည်။ အပြစ်တရားက ကျွန်ုပ်တို့၏စိတ်နှင့်အတွေးများကို ချုပ်ကိုင်ရန် ခြိမ်းခြောက်နေပြီး မိမိနှင့်သခင်အကြားရှိဆက်ဆံရေးမှဝမ်းမြောက်မှုကိုလည်း ပျောက်ဆုံး စေပါသည်။
သို့သော် ခရစ်တော်၏သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ထို ခြိမ်းခြောက်မှုများ အရာမထင်တော့ပါ။…
မွေးနေ့ပွဲဆင်နွဲ
မွေးနေ့ပွဲကျင်းပရသည်ကို ကျွန်တော် နှစ်သက်သည်။ ကျွန်တော့် ၅ နှစ်ပြည့် မွေးနေ့က သူငယ်ချင်းများအား အိမ်ရှေ့ဆင်ဝင်အောက်၌ စိတ်လှုပ်ရှားစွာ မျှော်နေပုံကိုလည်း ယခုထိတိုင် အမှတ်ရနေသည်။ ပူပေါင်း၊ လက်ဆောင်နှင့် ကိတ်မုန့်များကြောင့် စိတ်လှုပ်ရှားခြင်း မဟုတ်ပါ။ ကျွန်တော် ‘၄’ နှစ် မဟုတ်တော့ဘဲ အသက်ကြီးလာ ခြင်းကြောင့် ကျွန်တော်ပျော်သည်။
သို့သော် အသက်ကြီးလာသည်နှင့်အမျှ ရှင်သန်ရမည့် နေ့ရက်များသည် စိတ်လှုပ်ရှားနေ ရမည့်အစား စိတ်ဓါတ်ကျအားငယ်စရာများ ဖြစ်လာသည်။ မနှစ်က ကျွန်တော့်မွေးနေ့တွင် ကျွန်တော့်ဇနီး မာတီ က အသက်ကြီးလာခြင်း အတွက် ကျေးဇူးတင်ရန် အားပေးလျက် သတိပေး သည်။ သူမက ဆာလံဆရာ၏အသက်တာတစ်လျှောက်လုံး ဘုရားသခင် သူနှင့်အတူ ရှိနေကြောင်း စပ်ဆိုထားသော ဆာလံ ၇၁ ကို ပြသည်။ ဆာလံဆရာသည် ဘုရားသခင် သူ့အား “ အမိဝမ်းထဲမှ ဆောင်ယူကြောင်း”…
ရုပ်ဖျက်ထားခြင်း
ကျွန်မယောက်ျား နှလုံးရောဂါဖောက်ပြီး
စိုးရိမ်ရသည့်အခြေအနေမှ ပြန်သက်သာလာသည့် နောက်ပိုင်းတွင် သူ့ကို ဆက်လက်အသက်ရှင်ခွင့် ပေးခြင်းကြောင့် ကျွန်မတို့ ဘုရားကို ကျေးဇူးတင်ခဲ့ ကြသည်။ နောက်လအတန်ကြာသည်အထိ ဘယ်လိုနေလဲ ဟူ၍ ကျွန်မအကြိမ်ပေါင်းများစွာ အမေးခံရသည်။ ကျွန်မအဖြေကတော့ ရိုးရိုးလေးပါ။
“ကောင်းချီးခံစားရတယ်။ ကျွန်မ တကယ့်ကို ကောင်းချီးခံစားရတယ်” ဟူ၍ပင်။
သို့သော်လည်း ကောင်းချီးမင်္ဂလာ သည် ပုံစံအမျိုးမျိုးနှင့် ရောက်လာတတ်ပါသည်။ စင်စစ် ၎င်းကိုကျွန်မတို့က အသိအမှတ် မပြုမိကြပါ။ မိမိကို ဘုရားပြုစေလိုသောအရာများကို ကျွန်ုပ်တို့ ပြုနေလုပ်နေသည့်တိုင် ဆင်းရဲဒုက္ခများနှင့်တွေ့ကြုံ ရနိုင်ပါသည်။ တစ်ခါတစ်ရံ မိမိဖြစ်ချင် လိုချင်သည့် အတိုင်း ဘုရားရှင် အဖြေမပေးခြင်း (သို့) ကိုယ်တော်၏အချိန် ဖင့်နွဲ့နေခြင်းကို ကျွန်မတို့ နားမလည်နိုင်ဖြစ်မိသည်။
ယောသပ်၏အသက်တာတွင် ထိုအဖြစ်ကို မြင်နိုင်ပါသည်။ လူ့အနေဖြင့် ဘုရားသခင် သူ့ကိုမေ့သွားပြီဟု ကျွန်မတို့ထင်ကောင်းထင်မိမည်။ ယောသပ်သည်
၁၀ နှစ်…
ကျန်းမာသော စိတ်နှလုံး၏ အလေ့အထများ
ခက်ခဲပြင်းထန်သော ဆေးကုသမှုခံယူ ရစဉ် အကောင်းမြင်တတ်သော အလေ့အကျင့်ဖြင့် ကျန်းမာရေးကို တိုးတတ်ကောင်းမွန်စေနိုင်ကြောင်း မျက်မှောက်ခေတ်၌ များစွာပြောဆိုနေကြသည်။ မြောက်ကာရိုလိုင်းနား တက္ကသိုလ်မှ စိတ်ရောဂါ ဆိုင်ရာ ပါမောက္ခ ဘာဘရာ ဖရက်ဒရစ်ဆန် က ၀မ်းမြောက်စိတ်၊ ကျေးဇူးတင်စိတ်၊ မေတ္တာစိတ်နှင့် အခြားကောင်းမွန်သော စိတ်ခံစားမှုများကို ဖြစ်စေ သည့်အမှုများအား ကျွန်ုပ်တို့လေ့ကျင့်ပေးရန် လိုအပ်ကြောင်း ပြောသည်။ သို့ငြားလည်း ကောင်းမွန်သော စိတ်ခံစားမှုရှိရန် အပေါ်ယံဆန္ဒရှိ ယုံမက ကျွန်ုပ်တို့အမှီပြုစရာ ၀မ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းနှင့် ချစ်ခြင်းမေတ္တာ၏အရင်းအမြစ် ရှိကြောင်း ၎င်းကို ခိုင်မာသေချာစွာသိရှိရန် လိုအပ်ပါသည်။
ဆာလံ ၃၇း၁-၈ ကို အဆိုးမြင်ဝါဒနှင့် စိတ်ဓါတ်ကျအားငယ်ခြင်းများ ကုစားရန် အတွက် ဖြေဆေးအဖြစ် မှတ်ယူနိုင်ပါသည်။ ဤစိတ်ဓါတ်ခွန်အားမြှင့်တင်ပေးသော အရာများကို ဆင်ခြင်ကြည့်ပါ။ “ထာဝရဘုရားကို ခိုလှုံ၍ ကောင်းသောအကျင့်ကိုကျင့်လော့၊ ပြည်တော်၌နေ၍ သစ္စာတရားကို ကျက်စားလော့” (း ၃)၊…
ငွေဖြင့်ဝယ်၍ မရသောအရာများ
“What Money Can't Buy” စာအုပ်ကို ရေးသားခဲ့သော စာရေးဆရာ မိုက်ကယ် စဲန်ဒဲလ် ၏ အဆိုအရ “ငွေဖြင့်ဝယ်၍ မရသော အရာများရှိသည်။ သို့သော် မျက်မှောက်ခေတ်တွင် များများစားစား မရှိတော့” ဟုဆိုပါသည်။ အကျဉ်းထောင်အခန်းကို တစ်ည ဒေါ်လာ ၉၀ ဖြင့် အဆင့်မြင့်နိုင်သလို အန္တရာယ်ပေးနိုင်သော ကြံ့မဲကို ဒေါ်လာ ၂ သိန်းခွဲပေးလျှင် ပစ်ခွင့်ရှိသည်။ သင့်မိသားစု ဆရာဝန်၏ဖုန်းနံပါတ်ကို ဒေါ်လာ ၁၅၀၀ ဖြင့် ၀ယ်ယူနိုင်ပါသည်။ ထိုအရာများကို ကြည့်ခြင်းဖြင့် “အရာအများစုမှာ ရောင်းရန်” ဖြစ်နေပြီး ၀ယ်ယူနိုင်ပါသည်။
ငွေဖြင့် မ၀ယ်နိုင်သောအရာ တစ်ခုမှာ
အပြစ်နွံထဲမှ လွတ်မြောက်ခြင်းအခွင့်ပင် ဖြစ်သည်။
တမန်တော်ရှင်ပေါလုသည် သခင်ယေရှုအားဖြင့် ခံစားရသည့် ဘုရားသခင်၏ကယ်တင်ခြင်း အနှစ်သာရအကြောင်း စတင်ရေးသားချိန်တွင် သူ့နှလုံးသားထဲတွင် ချီးမွမ်းခြင်းများလျှံထွက်နေသည်။ “ခပ်သိမ်းသော သတိပညာတော်နှင့် လျော်စွာ…